ဒေါက်တာဘမော်၏ နိုင်ငံရေးလုပ်ဆောင်ချက်များ

SKU: KM0051

ဒေါက်တာဘမော်၏ နိုင်ငံရေးလုပ်ဆောင်ချက်များ

Published Date: 
October, 2012
Description: 

"ကျုပ်တို့ဟာ ရွာတွေကို ကိုယ်တိုင်ဆင်းကြည့်ကြရမယ်။ ဆရာစံလှုံ့ဆော်လို့ အရပ်ရပ်မှာ ပုန်ကန်မှုဖြစ်တယ်ဆိုတာ လတ်တလောကိစ္စပါ။ ဆရာစံ ဘာကြောင့်လှုံ့ဆော်စည်းရုံးနိုင်သလဲ။ ဆရာစံ စည်းရုံးနိုင်လောက်အောင် လူတွေဘာခံစားနေကြသလဲ။ ဆိုင်ရာဒေသတွေမှာ စောစောကတည်းက ဘယ်လိုလူမှုရေး၊ စီးပွားရေးအခြေအနေတွေဖြစ်ပေါ်နေသလဲ။ အဲ့ဒီ့အခြေခံအချက်တွေကို တကယ်သိဖို့ အတွင်းဝန်ကြီးရုံး၊ ဟိုက်ကုတ်ရုံးကလူတွေ အရေးတကြီးထားနေတဲ့ ဖိုင်တွဲမှတ်တမ်းတွေကိုသာမက သူပုန်ထနေတဲ့ ဒေသများကို ဆင်းကြည့်မှဖြစ်တော့မယ်။" စသည်ဖြင့် အဆိုကိုထောက်ခံပြောဆိုခဲ့လေသည်။

ဒေါက်တာဘမော်သည် တောင်သူလယ်သမားခေါင်းဆောင်ကြီး ဆရာစံဘက်မှ ရဲဝံ့စွာခုခံကာကွယ်နိုင်ခဲ့ခြင်းသည် နိုင်ငံရေးလောကအတွင် ဝင်ရောက်ရန် တွန်းအားသဖွယ်ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဒေါက်တာဘမော်သည် ၂၀ ရာစု ပထမနှစ် ၅၀ မြန်မာနိုင်ငံရေးလောက်တွင် ပထမဆုံးသော ပါရဂူဘွဲ့ရ နိုငံရေးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပေသည်။

2,000 MMK
Weight: 190 g
Dimensions: 13.5 cm × 21 cm × 0 cm
No of Pages: 
170
0
No votes yet